Tour Code: FL-l-001
Detail Program: နေ့ချင်းပြန်ခရီးစဉ်
Tour Route: Yangon - Akauk Mountain - Pyay - Yangon

နိုဝင်ဘာ (15) ရက်နေ့ည ၁၀:၃၀ တွင် ရန်ကုန်မြို့မှ စတင် ထွက်ခွာပါမည်။ လက်ပတန်းမြို့တွင် ခေတ္တရပ်နားပြီး ထုံးဘိုမြို့ သို့ဆက်လက်ထွက်ခွာပါမည်။

ထုံးဘိုမြို့၊ စက်လှေဆိပ်သို့ နံနက်ခြောက်နာရီခန့် တွင်ရောက် ရှိပြီး စက်လှေဖြင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် လတ်ဆတ်အေးမြသောလေကိုရှုရှိုက်ရင်း၊ ပတ်ဝန်းကျင် သဘာဝ အလှအပများ ရှုမြင်ခံစားပြီး နံရံထွင်း ဘုရား များကို ဖူးမျှော်ကာ အကောက်တောင်သို့ ဆက်လက်ထွက်ခွာပါမည်။
အကောက်တောင် လှေဆိပ်မှတဆင့် အေးမြသော သစ်ပင်ရိပ် များဖြင့် တောလမ်းကြောင်းလေးအတိုင်း တောင်ပေါ်သို့ တက်ရင်း နံရံတွင်ထွင်းထုထားသော ဘုရားများကို ဖူးမြှော် ကြည်ညိုနိုင်ပါသည်။

အကောက်တောင်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတွင် ကိုယ်လက် သန့်စင်ပြီးနောက် ခေတ္တအပန်းဖြေကာ တောင်ပေါ်ရှိရွှမြင်တင်ဘုရားကို ဖူးမြှော်ပါမည်။ ထို့နောက်နံနက်စာ သုံးဆောင်ပြီး ဆရာတော်ကြီးထံတွင် တရား နာပြီးနောက်တောင်ပေါ် ရှိ ရေတံခွန်သို့သွားရောက်လည်ပတ်ပါမည်။ ရေတံခွန်သို့သွားရာလမ်းတွင် ရဟန္တာလေးဆူအား ဖူးမြှော်နိုင်ပါသည်။ ရေတံခွန် တွင် အနားယူအပန်းဖြေပြီးနောက် ထုံးဘိုစက်လှေဆိပ် သို့ ပြန်လည်ထွက်ခွာပါမည်။

အရသာရှိလှသော နေ့လည်စာကို ဥသျှစ်ပင်မြို့ရှိ ဒေါင်းမြတ်နား ကြက်သောက်စမ်းထမင်းဆိုင်တွင် သုံးဆောင် ပါမည်။

ပြည်မြို့သို့အပြန်လမ်းတွင် ရွှေဘုံသာမုနိဘုရားကို ၀င်ရောက် ဖူးမြှော်ပါမည်။ ရန်ကုန်အပြန်ခရီး လက်ဆောင်များ ၀ယ်ယူနိုင်ပါသည်။

ထို့နောက် ပြည်မြို့ရှိ တန်ခိုးကြီး ရွှေဆံတော်စေတီမြန်နှင့် ဆယ်ထပ်ကြီးဘုရားကို ဖူးမြှော်ပါမည်။

ထိုမှ ဘုရားကြီးဘုရားကို ဖူးမြှော်ကြည်ညို ပြီးပါမည်

ပျူ မြို့ဟောင်း (နဂါးတွန့်တံခါး) ကိုလေ့လာပါမည်။ အဖွဲ့လိုက် အမှတ်တရ ဓါတ်ပုံများရိုက်ကူးပါမည်။

ရန်ကုန်အပြန်လမ်းတွင် အိမ်မက်အရ မှဲ့ရှင်ဆရာတော် တူးဖော် ထားသော ရဟန္တာရှစ်ဆယ်ကို ၀င်ရောက်ဖူးမြှော် ကြည်ညို ပါမည်။

ထိုမှ ရွှေတောင်မြို့သို့ဆက်လက်ထွက်ခွာပြီး မျက်စိဝေဒနာရှင်များအတွက် ဆုတောင်းပြည့် ရွှေမျက်မှန်ဘုရား ကို ဖူးမြှော်ကြည်ညိုပါမည်။

ညနေစာကိုအင်းမမြို့ရှိ Royal Inma စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက်ရန်ကုန်သို့ဆက်လက် ထွက်ခွာပါမည်။

ခရီးစဉ်တွင် ပါဝင်သော service များ
  • 45 seater Scania ခရီးသွားကား
  • စက်လှေခများ
  • နံနက်စာ (ဒေါ်ဥထမင်းသုပ်၊ ကော်ဖီ)
  • နေ့လည်စာ (ဒေါင်းမြတ်နား၊ ကြက်သောက်စမ်းထမင်းဟင်း)
  • ညနေစာ (Royal Inma စားသောက်ဆိုင်မှ ထမင်းဟင်း)
  • ရေသန့်၊ Snow Towel၊ အချိုရည်